

မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏မြေး နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မော်ဒယ် ဝတ်မှုန်ရွှေရည် ကို မေမြို့သို့ အတင်းအလိုမတူဘဲ ခေါ်ဆောင်သွားခဲ့တယ် ဆိုတဲ့ သတင်းက အနုပညာသည်လောကနှင့် ပြည်သူများကြား ရေပန်းစားနေပါတယ်။ မော်ဒယ် ၀တ်မှုန်ရွှေရည်က နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချစ်သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဝတ်မှုန်ရွှေရည်ကို ဗိုလ်ချုပ်မှူးကြီး၏မြေး ဖိုးလပြည့်က မေမြို့အထိ ကာယကံရှင်ရဲ့ အလိုမတူဘဲ အတင်းခေါ်ဆောင်သွားခဲ့တာ လို့ဆိုပါတယ်။ အဆိုပါကိစ္စကို သတင်းဂျာနယ်များက အမည်မဖော်ပြဘဲ ရေးသားကြသော်လည်း စာပေစိစစ်ရေးက အားလုံးပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့ ခေါ်သွားတာလဲ ဆိုတာကိုတော့ အကြောင်းစုံမသိရသေးပါ။ ၀တ်မှုန်ရွှေရည် နှင့် စိုင်းစိုင်းခမ်းလှိုင်တို့ဟာ ပရိတ်သတ်ကို အသိပေးပြီး ပေါ်ပေါ်ထင်ထင် တွဲနေကြသော စုံတွဲလည်းဖြစ်ပါတယ်။
( စိုင်းစိုင်းခမ်းလှိုင် နှင့် နေရွှေသွေးအောင်, အနီရောင်အင်္ကျီဖြင့် )
0 comments: on "Military General's grandson took Wut Hmone Shwe Yee to Pyin Oo Lwin ???"
Post a Comment